Surah 108 · 3 verses · Alin U Yin
Surah Al-Kawthar in Burmese
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
108:1
إِنَّآ أَعۡطَيۡنَٰكَ ٱلۡكَوۡثَرَ
(အို၊ ရစူလ်တမန်တော်) ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် အသင့်အား (ကုန်ဆုံးရပ်စဲသွားမည် မဟုတ်သော ကောင်းမြတ်မှုများ) အလျှံပယ် ပေါများသော ကောင်းခြင်းများကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။
108:2
فَصَلِّ لِرَبِّكَ وَٱنۡحَرۡ
သို့ဖြစ်ပေရာ အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏ကျေနပ်နှစ်မြို့မှု) အတွက် ဆွလာသ်ဝတ်ပြုဆောက်ဆည်ပြီး (ထိုအရှင်မြတ်၏ကျေနပ် နှစ်မြို့မှုအတွက်ပင် ရည်သန်၍) စွန့်လှူလော့။
108:3
إِنَّ شَانِئَكَ هُوَ ٱلۡأَبۡتَرُ
ဧကန်မလွဲ၊ (အသင့်ကိုနှောက်ယှက်စော်ကားနေသော) အသင်၏ရန်သူသည်သာလျှင် (အလျှံပယ် ပေးအပ်တော်မူခြင်းမှ) အညွန့်တုံးသွားမည့်သူ ဖြစ်၏။
Translation: Alin U Yin.