Surah 114 · 6 verses · Alin U Yin
Surah An-Nas in Burmese
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
قُلۡ أَعُوذُ بِرَبِّ ٱلنَّاسِ
(အို၊ ရစူလ်တမန်တော် အသင်သည်) လျှောက်ထားပန်ကြားလော့။ ကျွန်တော်မျိုးသည် လူသားတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (အကာအကွယ်ရယူရန်) ခိုလှုံပါပါ၏။
مَلِكِ ٱلنَّاسِ
လူသာတို့၏ဘုရင်မင်းမြတ်ဖြစ်တော်မူ (၍ အချုပ်အခြာအာဏာအလုံးစုံကို စိုးပိုင်တော်မူ) သောအရှင်မြတ်ထံတော်၌။
مِن شَرِّ ٱلۡوَسۡوَاسِ ٱلۡخَنَّاسِ
(လူ့ဘောင်အဖွဲ့အစည်းကို ဆုတ်ယုတ်ဖျက်ဆီးစေသည့်) တီးတိုးပြောဆိုမှုဖြင့် တို့ထောင်တတ်သူတို့၏မကောင်းမှု (ဆိုင်ရာ အကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ၏ဘေးအန္တရာယ်) မှ (ခိုလှုံပါ၏)။
ٱلَّذِي يُوَسۡوِسُ فِي صُدُورِ ٱلنَّاسِ
ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူသည် လူတို့၏စိတ်နှလုံးတွင်းသို့ (မကောင်းသောအကြံအစည်များ၊ သွေးတိုးလှုံ့ဆော်မှုများ) ကို တီးတိုးပြောခြင်းဖြင့် ထည့်သွင်းလေ့ရှိ၏။
مِنَ ٱلۡجِنَّةِ وَٱلنَّاسِ
(ထိုတီးတိုးပြောဆိုမှုဖြင့် တို့ထောင်သူတို့သည်) ဂျင်န်နှင့်လူသားတို့အနက်မှ ပင်ဖြစ်ကြ၏။
Translation: Alin U Yin.