Surah 102 · 8 verses · Alin U Yin

Surah At-Takathur in Burmese

In English with tafsir

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

102:1

أَلۡهَىٰكُمُ ٱلتَّكَاثُرُ

(ဥစ္စာဓန၊ မျိုးကောင်းမျိုးသန့်၊ ကြွယ်ဝချမ်းသာမှုနှင့်ဂုဏ်ပကာသနစသော လောကီပိုင်ဆိုင်မှုများကို ရှာဖွေရယူရန်နှင့်ယင်းတို့ဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ရန် ရည်ရွယ်၍) လောကီ ဥစ္စာဓနပိုင်ဆိုင်မှုများ တိုးပွားများပြားစေရန် ပြိုင်ဆိုင်လျက် (ဘဝ၏အဓိကရည်ရွယ်ချက်မှ သင့်ကို လမ်းလွဲစေကာ) အာရုံထွေပြားစေ၏။

102:2

حَتَّىٰ زُرۡتُمُ ٱلۡمَقَابِرَ

နောက်ဆုံးတွင် သင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ကြသည်အထိ (ထိုအခြေအနေ၌ ရှိကြ၏။)

102:3

كـَلَّا سَوۡفَ تَعۡلَمُونَ

သတိပြုကြလော့။ (ထိုအခြေအနေ၌ပင် သေခြင်းတရား အမှန်ပင် ရောက်လာမည် ဖြစ်ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။

102:4

ثُمَّ كـَلَّا سَوۡفَ تَعۡلَمُونَ

ထို့ပြင် ထပ်မံ၍ သတိပြုကြလော့။ (သေပြီးနောက်တစ်ဖန် အမှန်ပင် ရှင်ပြန်ထစေတော်မူမည် ဖြစ် ကြောင်းကို။) သင်တို့သည် မကြာမီပင် သိနားလည်ကြလိမ့်မည်။

102:5

كـَلَّا لَوۡ تَعۡلَمُونَ عِلۡمَ ٱلۡيَقِينِ

(ထိုအမှန်တရားကို သင်တို့ မသိသေးကြောင်း) သတိပြုကြလော့။ အကယ်၍ သင်တို့သည် တပ်အပ်သေချာသော အသိပညာဖြင့် (ယင်းအမှန်တရားကို) သိနားလည်ကြလျှင် ကောင်းလေစွ။

102:6

لَتَرَوُنَّ ٱلۡجَحِيمَ

ဧကန်မလွဲ၊ သင်တို့သည် ချစ်ချစ်တောက်ပူလောင်သော ငရဲမီးကို အမှန်ပင် တွေ့မြင်ကြလိမ့်မည်။

102:7

ثُمَّ لَتَرَوُنَّهَا عَيۡنَ ٱلۡيَقِينِ

ထို့နောက် (သင်တို့သည် တမလွန်ဘဝကို ရောက်သည့်အခါ) ဧကန်ပင်၊ သင်တို့သည် ယင်းတပ်အပ် သေချာသောအမှန်တရားဖြစ်သည့် ငရဲမီးကို မျက်ဝါးထင်ထင် ဒိဋ္ဌတွေ့မြင်ကြလိမ့်မည်။

102:8

ثُمَّ لَتُسۡـَٔلُنَّ يَوۡمَئِذٍ عَنِ ٱلنَّعِيمِ

ထို့နောက် ထိုနေ့တွင် သင်တို့သည် (လောကီဘဝ၌ အရှင်မြတ်က) ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးခြင်းအားလုံးနှင့်စပ်လျဉ်း၍ ဧကန်မုချပင်၊ စစ်ဆေးမေးမြန်းခြင်း ခံကြရလိမ့်မည်ဖြစ်၏။

Translation: Alin U Yin.