Surah 86 · 17 verses · Alin U Yin

Surah At-Tariq in Burmese

In English with tafsir

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

86:1

وَٱلسَّمَآءِ وَٱلطَّارِقِ

(ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညအချိန်၌ (အမှောင်ခွင်း၍ ရောက်) လာသော အရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။

86:2

وَمَآ أَدۡرَىٰكَ مَا ٱلطَّارِقُ

ညအချိန်၌ (အမှောင်ခွင်း၍ ရောက်) လာသော အရာမှာ အဘယ်နည်း။” ဟူသည်ကို အသင် (တမန်တော်) အား မည်သည့်အရာက သိနားလည်စေနိုင်မည်နည်း။

86:3

ٱلنَّجۡمُ ٱلثَّاقِبُ

ယင်းသည် (ဖောက်ထွင်းလင်းဝင်း၍) ကြည်လင်တောက်ပသော ကြယ်တာရာပင် ဖြစ်၏။

86:4

إِن كُلُّ نَفۡسٍ لَّمَّا عَلَيۡهَا حَافِظٌ

ဧကန်ပင်၊ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းတွင် ယင်းအပေါ်၌ ထိန်းသိမ်းစောင့်ရှောက်သူ (အဖြစ် တာဝန်ပေးတော်မူထားသော စေတမန်) တစ်ဦးစီ ရှိပေ၏။

86:5

فَلۡيَنظُرِ ٱلۡإِنسَٰنُ مِمَّ خُلِقَ

သို့ဖြစ်ပေရာ လူသားသည် သူ့အား မည်သည့်အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသည်ကို တွေးတောဆင်ခြင်၊ စူးစမ်းလေ့လာ၊ သုံးသပ်သင့်ပေမည်။

86:6

خُلِقَ مِن مَّآءٍ دَافِقٍ

လူသားသည် ပန်းထွက်ထုတ်လွှတ်သောအရည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရ၏။

86:7

يَخۡرُجُ مِنۢ بَيۡنِ ٱلصُّلۡبِ وَٱلتَّرَآئِبِ

ယင်း (အရည်) သည် (လှုံ့ဆော်မှု၏အကျိုးဆက်အဖြစ်) ကျောရိုးအဆစ်နှင့်နံရိုးများကြား (၌ သိုလှောင်ထားခြင်း) မှ (အရှင့်နိယာမတော်အရ) ထွက်လာခြင်း ဖြစ်၏။

86:8

إِنَّهُۥ عَلَىٰ رَجۡعِهِۦ لَقَادِرٌ

ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် လူသားအား (ကလလရည်ကြည်တစ်စက်မှ ဖွဲ့စည်းဖြစ်တည်စေတော်မူနိုင်စွမ်းရှိတော်မူသကဲ့သို့) အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်စွမ်းရှိသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

86:9

يَوۡمَ تُبۡلَى ٱلسَّرَآئِرُ

ထိုနေ့တွင် (အရာခပ်သိမ်းတို့၌ တိမ်မြုပ်နေသည့်) လျှို့ဝှက်ချက်အလုံးစုံအား (စစ်ဆေးစီရင်စေတော်မူရန်) ထင်ရှားစေတော်မူသောအခါ။

86:10

فَمَا لَهُۥ مِن قُوَّةٍ وَلَا نَاصِرٍ

(ထိုနေ့တွင် အရှင်မြတ်က စီရင်ဆုံးဖြတ်တော်မူခြင်းကို အာခံဖီဆန်ရန်) လူသား၌ မည်သည့် အခွင့်အာဏာမျှ ရှိလိမ့်မည် မဟုတ်သည့်အပြင် ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။

86:11

وَٱلسَّمَآءِ ذَاتِ ٱلرَّجۡعِ

(ငါအရှင်မြတ်သည် ယင်း၌ ရှိသမျှနှင့်အတူ) အစဉ်လည်ပတ်လှုပ်ရှားလျက် ထပ်တလဲလဲ ဖြစ်ပေါ်သော မိုးရေ ရှိနေသည့် မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

86:12

وَٱلۡأَرۡضِ ذَاتِ ٱلصَّدۡعِ

ထို့ပြင် (ငါအရှင်မြတ်သည် အပင်များ ဖြစ်ထွန်းရှင်သန်၍ ကြီးထွားခြင်းနှင့်အတူ) အက်ကွဲမှု စွမ်းရည်ရှိနေသော မြေကမ္ဘာကို သက်သေထူတော်မူ၏။

86:13

إِنَّهُۥ لَقَوۡلٌ فَصۡلٌ

ဧကန်မလွဲ၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိကို ခွဲခြားသိမြင်စေသော မြင်သာထင်ရှားသည့် ရှင်းလင်းချက်၊) တိကျပြတ်သားသောအရှင့်စကားတော်ပင် ဖြစ်၏။

86:14

وَمَا هُوَ بِٱلۡهَزۡلِ

ထို့ပြင် ယင်း (စကားတော်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) သည် ကရော်ကမည် (အခြေအမြစ် မရှိသောစကား) မဟုတ်ပေ။

86:15

إِنَّهُمۡ يَكِيدُونَ كَيۡدًا

ဧကန်စင်စစ်၊ (မယုံကြည်သွေဖည်ငြင်းပယ်ကြသော) သူတို့သည် အကြံအစည်အမျိုးမျိုးကို ကြံစည်လျက်ရှိ ကြ၏။

86:16

وَأَكِيدُ كَيۡدًا

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား သူတို့၏ဆန္ဒအလျှောက်ဆက်လက်၍ လုပ်ခွင့်ရလေအောင် (အရေးမယူဘဲ) ခေတ္တခဏ၊ ယာယီရွှေ့ဆိုင်းခွင့်ပေးလော့။

86:17

فَمَهِّلِ ٱلۡكَٰفِرِينَ أَمۡهِلۡهُمۡ رُوَيۡدَۢا

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အား သူတို့၏ဆန္ဒအလျှောက်ဆက်လက်၍ လုပ်ခွင့်ရလေအောင် (အရေးမယူဘဲ) ခေတ္တခဏ၊ ယာယီရွှေ့ဆိုင်းခွင့်ပေးလော့။

Translation: Alin U Yin.