Surah 81 · 29 verses · Alin U Yin
Surah At-Takwir in Burmese
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِذَا ٱلشَّمۡسُ كُوِّرَتۡ
နေသည် ခေါက်လိပ်ခြင်းကို ခံရ (၍ ကွယ်သွားလျက် အလင်းရောင်မဲ့ဖြစ်သွား) သောအခါ။
وَإِذَا ٱلنُّجُومُ ٱنكَدَرَتۡ
ထို့ပြင် ကြယ်တာရာများသည် ကြွေကျ (၍ ထွန်းပြောင်တောက်ပမှု ဆုံးရှုံးပျောက်ကွယ်) သွားသောအခါ။
وَإِذَا ٱلۡعِشَارُ عُطِّلَتۡ
ထို့ပြင် ကိုယ်ဝန်လစေ့၍ မျိုးပွားချိန်ရောက်နေသော ကုလားအုတ်မများသည် (အနာဂတ်ဆက်သွယ်ရေးအတွက် အရေးပါလှသော်လည်း ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းခံကြရသောအခါ။
وَإِذَا ٱلۡوُحُوشُ حُشِرَتۡ
ထို့ပြင် (မယဉ်ကျေးသော လူမျိုးစုများ၌ ယဉ်ကျေးမှုထွန်းကားလာသော်လည်း ကမ္ဘာကြီးအားပျက်စီးစေမည့် ကြောက်မက်ဖွယ်ရာ နည်းပညာများကို သုံး၍) တောရိုင်းတိရစ္ဆာန်များသည် စုရုံးခြင်းခံကြရသောအခါ။
وَإِذَا ٱلۡبِحَارُ سُجِّرَتۡ
ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် (အပူရှိန်ကြောင့်) ဆူပွက်၍ မြင့်တက်စေခြင်းခံကြရသောအခါ။
وَإِذَا ٱلنُّفُوسُ زُوِّجَتۡ
ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ် စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များသည် (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူအမျိုးသားနှင့်အမျိုးသမီး၊ မကောင်းမှုအ ကုသိုလ်ပြုကျင့်သူအမျိုးသားမျာနှင့်အမျိုးသမီးများ စသည်ဖြင့်) ဒွယံဒွယံရှိသော အပေါင်းအဖော်များအဖြစ် တွဲဖက်စေခြင်းခံကြရသောအခါ။
وَإِذَا ٱلۡمَوۡءُۥدَةُ سُئِلَتۡ
ထို့ပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကိုခံရသောအခါ။
وَإِذَا ٱلصُّحُفُ نُشِرَتۡ
ထို့ပြင် (လူတိုင်း၏လုပ်ရပ်များကို မှတ်တမ်းတင်ထားသော) မှတ်တမ်းစာရွက်များသည် ဖွင့်လျက် ဖြန့်ထားခြင်းခံကြရသောအခါ။
وَإِذَا ٱلسَّمَآءُ كُشِطَتۡ
ထို့ပြင် မိုးကောင်းကင်သည် (အမှန်တရားလုံးကို ထင်ရှားစေလျက်) ဖွင့်လှစ်၍ ပြောင်တလင်း ခါစေခြင်းခံရသောအခါ။
وَإِذَا ٱلۡجَحِيمُ سُعِّرَتۡ
ထို့ပြင် ချစ်ချစ်တောက်ပူသည့် ငရဲမီးသည် (ပိုမို၍ အရှိန် ပြင်းထန်စေရန်) မီးစွဲစေခြင်းခံရသောအခါ။
وَإِذَا ٱلۡجَنَّةُ أُزۡلِفَتۡ
ထို့ပြင် သုခဥယျာဉ်သည် (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကိုသိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကြသူတို့အတွက်) မြင်သာအောင် အနီးအနားသို့ ယူဆောင်လာခြင်းခံရသောအခါ။
عَلِمَتۡ نَفۡسٌ مَّآ أَحۡضَرَتۡ
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် (လောကီဘဝ၌ ယင်းကို အသုံးချလျက် ပြုမူကျင့် ကြံခြင်းဖြင့်) ယူဆောင်လာခဲ့သည်ကို သိလာကြလိမ့်မည်။
فَلَآ أُقۡسِمُ بِٱلۡخُنَّسِ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (နေမင်း၏အလင်းရောင်၌ ပျောက်ကွယ်သွားလျက်) လည်ပတ်၍ နောက်ပြန်လျှောသွားသော ဂြိုဟ်နက္ခတ်တာရာတို့အား သက်သေထူတော်မူ၏။
ٱلۡجَوَارِ ٱلۡكُنَّسِ
ယင်း(ဂြိုဟ်နက္ခတ်တာရာ) တို့သည် (ယင်းတို့၏လမ်းကြောင်းအတိုင်း မြဲမြံစွာ လည်ပတ်လျက်ပင်) ကွယ်ပျောက်သွားသောအရာများ ဖြစ်ကြ၏။
وَٱلَّيۡلِ إِذَا عَسۡعَسَ
ထို့ပြင် (ငါအရှင်မြတ်သည် အပြောင်းအလဲအတွက်) ထွက်ခွာမှုဘက်သို့ ယိမ်းသွားသော ညကို (သက် သေထူတော်မူ၏)။
وَٱلصُّبۡحِ إِذَا تَنَفَّسَ
ထို့ပြင် (ငါအရှင်မြတ်သည် အမှောင်ခွင်း၍ အလင်းဆောင်စေတော်မူလျက်) နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား နိုးကြားတက်ကြွစေသော နံနက်စောစောချိန်ကို (သက်သေထူတော်မူ၏)။
إِنَّهُۥ لَقَوۡلُ رَسُولٍ كَرِيمٍ
ဧကန်မလွဲ၊ ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် မြင့်မြတ်သော သတင်းတော်ဆောင်ရစူလ်စေတမန် တစ်ပါး (ယူဆောင်လာသောအမိန့်တော်၊ အကြောင်းအရာ၊ အဖြစ်အပျက် အလုံးစုံနှင့်ဆက်နွယ်သော သတင်း အချက်အလက်များပါဝင်သည့် အရှင့်) စကားတော်ဖြစ်၏။
ذِي قُوَّةٍ عِندَ ذِي ٱلۡعَرۡشِ مَكِينٍ
(ယင်းသတင်းတော်ဆောင်ရစူလ်စေတမန်သည်) အာဏာစက်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်၊ (တန်ခိုးဩဇာတော်ဆိုင်ရာ) အရ်ရှ် မဟာပလ္လင်တော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်၏အပါးတော်၌ လုံခြုံစွာ ထားရှိတော်မူသောအမိန့်တော်အား (ထိုအရှင်မြတ်၏ခွင့်ပြုချက်ဖြင့်) သယ်ဆောင်ခြင်းဖြစ်၏။
مُّطَاعٍ ثَمَّ أَمِينٍ
(ယင်းသတင်းတော်ဆောင်ရစူလ်စေတမန်သည် အရှင့်အမိန့်တော်များကို ကျေပွန်စွာ ဖြည့်ဆည်း ဆောင်ရွက်၍ ဝဟီအမိန့်ထုတ်ပြန်ချက်များကိုလည်း သစ္စာရှိရှိ ပို့ချသောကြောင့်) နာခံထိုက်သူဖြစ်ရံသာမက ယုံကြည် စိတ်ချရသူလည်းဖြစ်၏။
وَمَا صَاحِبُكُم بِمَجۡنُونٍ
ထို့ပြင် (သင်တို့၏အလယ်တွင် ကြီးပြင်းလာခဲ့သော) သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် စိတ်စေဒနာရှင်နှင့်မည်သို့မျှ မအပ်စပ်၊ မနှိုင်းကောင်းပေ။
وَلَقَدۡ رَءَاهُ بِٱلۡأُفُقِ ٱلۡمُبِينِ
ထို့ပြင် မလွဲဧကန်၊ သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် ထင်ရှားရှင်းလင်းသော မိုးကုပ်စက်ဝိုင်း၌ ယင်းသတင်းတော်ဆောင် (ရစူလ်စေတမန်ဂျီဗ်ရီလ်) အား တွေ့မြင်၏။
وَمَا هُوَ عَلَى ٱلۡغَيۡبِ بِضَنِينٍ
ထို့ပြင် သင်တို့၏အဖေါ် (တမန်တော်မုဟမ္မဒ်) သည် (သင်တို့၏အာရုံခံစားမှုပြင်ပတွင်ရှိသော) အကွယ်၌ ရှိသည့်အရာများ (အနက်၊ အလ္လာဟ်အရှင်မြတ်ချမှတ်ပေးအပ်တော်မူသောအမိန့်တော်များ) နှင့်စပ်လျဉ်း၍ ဆုပ်ကိုင်ထိမ်ချန်ထားသူ (စေးနဲသူ) အလျှင်း မဟုတ်ပေ။
وَمَا هُوَ بِقَوۡلِ شَيۡطَٰنٍ رَّجِيمٍ
ထို့ပြင် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော 'ရှိုင်တွာန်' မိစ္ဆာ ကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။
إِنۡ هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ
အမှန်မှာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောခပ်သိမ်းတို့အတွက် ဆုံးမသြဝါဒများနှင့်သတိပေးတရားများပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။
لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ
(အထူးသဖြင့်) သင်တို့အနက် (ကိုယ်ကျင့်တရားနှင့်လူမှုရေးတို့တွင် စံသွေခြင်းမရှိဘဲ) ဖြောင့်မတ်မှန်ကန်သော လမ်းစဥ်တော်၌ မြဲမြံစွာ ရပ်တည်လိုသော ဆန္ဒရှိသူ မည်သူမဆို အတွက်ပင်ဖြစ်၏။
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ
စင်စစ်သော်ကား စကြဝဠာလောခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ သင်တို့သည် အလိုရှိနိုင်ကြမည် မဟုတ်ပေ။
Translation: Alin U Yin.