Surah 92 · 21 verses · Alin U Yin

Surah Al-Layl in Burmese

In English with tafsir

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

92:1

وَٱلَّيۡلِ إِذَا يَغۡشَىٰ

(ငါအရှင်မြတ်သည် မြေကမ္ဘာအား ယင်း၏အမှောင်ထုဖြင့်) လွမ်းမိုးဖုံးအုပ်စေသော ညကို သက်သေထူတော်မူ၏။

92:2

وَٱلنَّهَارِ إِذَا تَجَلَّىٰ

ထို့ပြင် (ငါအရှင်မြတ်သည် မြေကမ္ဘာအား နေထွက်သည့်အခါ ယင်း၏အလင်းဖြင့်) တောက်ပထင်ရှားစေသောနေ့ကို သက်သေထူတော်မူ၏။

92:3

وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

ထို့ပြင် (အရှင်မြတ်၏ခံညားထည်ဝါမှုကို ထင်ရှားစေတော်မူလျက် အရာခပ်သိမ်း၌ (အကောင်း၊ အဆိုး၊ အပေါင်း၊ အနုတ်၊ လိင်ဖို၊ လိင်မ၊ အဖို၊ အမစသည်ဖြင့်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ကို သက်သေထူတော်မူ၏။

92:4

إِنَّ سَعۡيَكُمۡ لَشَتَّىٰ

ဧကန်စင်စစ်၊ သင်တို့၏ကြိုးပမ်း အားထုတ်ဆောင်ရွက်မှုများသည် (သင်တို့၏စိတ်ဝင်စားမှုနှင့်ရည်ရွယ်ချက်ပန်းတိုင်ပေါ်မူတည်၍) အမျိုးမျိုး၊ အထွေထွေ၊ ကွဲပြားခြားနားလေ့ရှိ၏။

92:5

فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ

သို့ဖြစ်ပေရာ (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) စွန့်လှူပေးကမ်းလှူဒါန်းပြီး အရှင်မြတ်အား စိုးရွံ့ထိတ်လန့်လျက် အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူလည်း ရှိ၏။

92:6

وَصَدَّقَ بِٱلۡحُسۡنَىٰ

ထို့ပြင် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက်) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းဖြင့် (အရှင်မြတ်အား ယုံကြည်ခြင်းကို အခိုင်အမာပြောဆိုထောက်ခံ၏။)

92:7

فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ

သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (လွယ်ကူစွာ စီရင်စစ်ဆေးတော်မူ၍ ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်) လွယ်ကူသော လမ်းစဥ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။

92:8

وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ

သို့ရာတွင် (အရှင်မြတ်က သူ့အတွက် ပေးအပ်တော်မူသည့် ဥစ္စာဓနပိုင်ဆိုင်မှုများမှ အရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်) ပေးကမ်းလှူဒါန်းခြင်း မပြုဘဲ) တွန့်တိုစေးနဲပြီး (အရှင်မြတ်၏ကရုဏာအပေါ် မှီခိုရန် မလိုအပ်"" ဟု ယူဆလျက် သူ့ကိုယ်သူ) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်သူလည်း ရှိ၏။

92:9

وَكَذَّبَ بِٱلۡحُسۡنَىٰ

ထို့ပြင် ထိုသူသည် (ယုံကြည်မှု၊ လုပ်ရပ်၊ အပြုအမူအပြောအဆိုနှင့်ဆုလဒ်ရယူရာတွင် အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်းကို အလေးမထားဘဲ) အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံခြင်းနှင့်စပ်လျဥ်း၍ မဟုတ်မမှန် လိမ်လည်စွပ်စွဲလျက် (အမှန်တရားကို) ငြင်းပယ်လေ့ရှိ၏။

92:10

فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ

သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား (ခက်ခဲသော စီရင်စစ်ဆေးမှုဖြင့် ရေးယူတော်မူ၍ ပြစ်ဒဏ်ခံစားစေမည့်) ခက်ခဲသောလမ်းစဉ်အတွက် ချောမောလွယ်ကူမှုကို ဖြစ်စေတော်မူမည်။

92:11

وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ

ထို့ပြင် ထိုသူသည် (သင်္ချိုင်းတွင်းထဲသို့ ကျဆုံး) ကျရောက်လေသောအခါ သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများသည် သူ့အတွက် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်လိမ့်မည် မဟုတ်ပေ။

92:12

إِنَّ عَلَيۡنَا لَلۡهُدَىٰ

ဧကန်မလွဲ၊ (အရှင်မြတ်၏လမ်းစဉ်တော်နှင့်ဘဝဆောက်တည်လိုသူတို့အတွက်) တရားလမ်းမှန် ညွှန်ပြ ချီးမြှင့်ခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။

92:13

وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ

ထို့ပြင် ဧကန်မလွဲ၊ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက်လောကီဘဝကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။

92:14

فَأَنذَرۡتُكُمۡ نَارًا تَلَظَّىٰ

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့အား အရှိန်ပြင်းစွာ ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ) မီးနှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။

92:15

لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى

ယင်း (ငရဲမီးထဲ) သို့ အလွန်ကောက်ကျစ်စဉ်းလဲ၍ ယုတ်မာသောသူများမှအပ (အခြား မည်သူ့ကိုမျှ) ဝင်ရောက်စေ၍) လောင်ကျွမ်းစေလိမ့်မည် မဟုတ်ပေ။

92:16

ٱلَّذِي كَذَّبَ وَتَوَلَّىٰ

ထိုသူသည် (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်ကို) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ပြီး (အမှန်တရားနှင့်ယုံကြည်မှုမှ) မျက်နှာလွှဲ ကျောခိုင်းခဲ့လေ၏။

92:17

وَسَيُجَنَّبُهَا ٱلۡأَتۡقَى

သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ၍ မနာခံဖီဆန်မှုမှ အလှမ်းဝေးသောသူ (ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံ၍ ဘဝဆောက်တည်သူ) သည်ကား ယင်း (ငရဲမီး) မှ ဖယ်ရှားရှောင်ဝေးစေခြင်းခံရပေလိမ့်မည်။

92:18

ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ

ထို (အရှင့်ကို သိစိတ်မပြတ် ထားလျက် ဘဝဆောက်တည်) သူသည် (အရှင်မြတ်ပေးအပ်တော်မူထားသော) သူ၏ဥစ္စာဓနပိုင်ဆိုင်မှုများကို (အရှင်မြတ်၏ကျေနပ်နှစ်မြို့အတွက်) ပေးကမ်းလှူဒါန်း၍ သူ့ကိုယ်သူ သန့်ရှင်းစင်ကြယ်စေလေ့ရှိ၏။

92:19

وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٍ تُجۡزَىٰٓ

ထိုသူသည် မည်သူ တစ်ဦးတစ်ယောက်၏ကျေးဇူးဖြင့် ဂုဏ်ပေးမှုကိုမျှ (သူ့ပေးကမ်းလှူဒါန်းမှု၏) အကျိုးဆုလဒ်အဖြစ် ပေးဆပ်ခံရရန် မမျှော်လင့် (မမျှော်ကိုးဘဲ စွန့်လှူပေးကမ်းလှူဒါန်း) ခြင်းသာ ဖြစ်၏။

92:20

إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ

သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ အကြီးကဲအမြင့်မြတ်ဆုံး ဖြစ်တော်မူသောအရှင်မြတ်၏နှစ်သက်ကျေနပ်မှုကို ရယူရန်သာ (မျှော်ကိုး တောင့်တလျက် ပေးကမ်းလှူဒါန်းခြင်း) ဖြစ်၏။

92:21

وَلَسَوۡفَ يَرۡضَىٰ

စင်စစ် ထိုသူသည် မကြာမီ အမှန်ပင် (သူက အရှင့်အမိန့်တော်နှင့်အညီနာခံလိုက်နာခြင်း၌ တင်းတိမ်ရောင့်ရဲသောကြောင့် အရှင်မြတ်ကလည်း သူ့ကို ကျေနပ်နှစ်သက်တော်မူမည်ဖြစ်၍) အားရကျေနပ် လိမ့်မည် ဖြစ်၏။

Translation: Alin U Yin.