Surah 56 · 96 verses · Alin U Yin

Surah Al-Waqi'ah in Burmese

In English with tafsir

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

56:1

إِذَا وَقَعَتِ ٱلۡوَاقِعَةُ

အဖြစ်အပျက်ကြီး (ရှင်ပြန်ထမည့်နေ့) သည် ဖြစ်ပွားစေတော်မူသောအခါ။

56:2

لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ

ယင်းအဖြစ်အပျက် (ကိယာမတ်) ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ် နိုင်မည် မဟုတ်ပေ။

56:3

خَافِضَةٌ رَّافِعَةٌ

(ယင်းအဖြစ်အပျက်သည် အချို့အား) အညွှန့်ချိုး နိမ့်ချစေ၍ (အချို့အား) ဂုဏ်မြှင့်တင်စေမည်။

56:4

إِذَا رُجَّتِ ٱلۡأَرۡضُ رَجًّا

မြေကမ္ဘာသည် ပြင်းထန်သောတုန်ခါမှုဖြင့် တုန်လှုပ်စေခြင်းခံရသောအခါ။

56:5

وَبُسَّتِ ٱلۡجِبَالُ بَسًّا

ထို့ပြင် တောင်များသည် တစ်စစီ၊ ညက်ညက်ကြေမွအောင် အစိတ်စိတ်အမြွှာမြွှာကွဲစေခြင်း ခံရသောအခါ။

56:6

فَكَانَتۡ هَبَآءً مُّنۢبَثًّا

ယင်းတောင်များသည် ဖုန်မှုန့်များအဖြစ် (နေရာအနှံ့သို့ ကျိုးတိုးကျဲတဲ) ဖြန့်ကြဲသွားကြလိမ့်မည်။

56:7

وَكُنتُمۡ أَزۡوَٰجًا ثَلَٰثَةً

ထို့ပြင် (သတိရှိသူနှင့်သတိမရှိသူများ၊ တာဝန်ကျေသူနှင့်တာဝန်မဲ့သူများ၊ အပေါင်းအဖော်ကြင်ရာများ၊ စသည်ဖြင့်) ဒွယံဒွယံရှိကြသော သင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။

56:8

فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ

မည်သို့ပင်ဖြစ်စေ (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက်ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သော လက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

56:9

وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ

သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

56:10

وَٱلسَّٰبِقُونَ ٱلسَّٰبِقُونَ

ထို့ပြင် (လောကီဘဝ၌ ယုံကြည်မှု၊ ကောင်းမှုကုသိုလ်၊ အရှင့်လမ်းတော်၌ စွန့်လွတ်မှု၊ စသည့် အရှင်မြတ်က နှစ်မြို့တော်မူသည့်လုပ်ရပ်များတွင် ရှေ့ဆုံးမှ ဦးဦးဖျားဖျားပါဝင်လှုပ်ရှားခဲ့သော) ရှေ့ပြေးအထင်ကရ ပုဂ္ဂိုလ်တို့မူကား(အရှင်မြတ်၏ကရုဏာတော်ကို လက်ခံရယူလျက်) ထိပ်ဆုံးမှပြေးနေသော အထင်ကရပုဂ္ဂိုလ်များ ဖြစ်ကြလိမ့်မည်။

56:11

أُوْلَٰٓئِكَ ٱلۡمُقَرَّبُونَ

ထိုသူတို့သည်ကား (အရှင်မြတ်၏အပါးတော်၌ နေရာချထားခြင်းခံရလျက် အရှင်မြတ်နှင့်) နီးစပ်သော သူများပင် ဖြစ်ကြ၏။

56:12

فِي جَنَّٰتِ ٱلنَّعِيمِ

(ထိုသူတို့သည်ကား) ထာဝရစံစားဖွယ်ရာ အလျှံပယ်ရက်ရောသောကျေးဇူးတော်များဖြင့် ဂုဏ်ပေးခြင်းများလည်း သုခဥယျာဉ်များ၌ ရှိကြ၏။

56:13

ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ

(ယင်းသုခဥယျာဉ်များတွင် ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး တစ်ခုရှိ မည်။

56:14

وَقَلِيلٌ مِّنَ ٱلۡأٓخِرِينَ

ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည်။

56:15

عَلَىٰ سُرُرٍ مَّوۡضُونَةٍ

(သူတို့သည်) အဖိုးတန်ကျောက်ရွှေပတ္တမြားများဖြင့် (ပန်းထိုး၍) အလှတန်ဆာဆင်ထားသော သလွန်များထက်ဝယ် (နားနေလိမ့်မည်)။

56:16

مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ

(သူတို့သည်) ထို (အလှတန်ဆာဆင်ထားသော သလွန်များ) ထက်ဝယ် (နောက်မှီ၌ ကျောခင်းလျက်) မျက်နှာချင်းဆိုင် ထိုင်နေကြပေမည်။

56:17

يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٌ مُّخَلَّدُونَ

သူတို့ထံ သေမျိုးမဟုတ်သော (သူတို့နှင့်အတူထာဝရရှိနေမည့် သားရတနာများနှင့်ဝန်ထမ်းများအဖြစ် အသက်ငယ်သည့်) လူငယ်များ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

56:18

بِأَكۡوَابٍ وَأَبَارِيقَ وَكَأۡسٍ مِّن مَّعِينٍ

(ထိုသို့ လှည့်လည်လျက်) တသွင်သွင် စီးဆင်းနေသောစမ်းချောင်းမှ (သောက်စရာစိမ့်စမ်းရေ ထည့်ထား သော) သောက်ရေဖလားကြီးများ၊ ရေချိုင့်များ (ရေတကောင်းများ) နှင့်ရေခွက်ဖြင့် (တစ်ဦးချင်းစီအား သုံးဆောင်စေရန် ကမ်းလှမ်းကြမည်)။

56:19

لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ

(ယင်းသောက်စရာများကို သုံးဆောင်ခြင်ဖြင့် သူတို့သည် အကျိုးဆက်အဖြစ်) ယင်းသောက်စရာများကြောင့် ခေါင်းခဲခြင်းဝေဒနာကို ခံစားမည် မဟုတ်သည့်အပြင် မူးဝေစေခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။

56:20

وَفَٰكِهَةٍ مِّمَّا يَتَخَيَّرُونَ

ထို့ပြင် သူတို့နှစ်သက်ရွေးချယ်ထားကြသော (လက်ရွေးစင်) သစ်သီးဝလံများ (ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။

56:21

وَلَحۡمِ طَيۡرٍ مِّمَّا يَشۡتَهُونَ

တစ်ဖန် သူတို့အာသာဆန္ဒရှိကြသော ကြက်ငှက်တို့၏အသားများ(ကိုလည်း သုံးဆောင်စရာအဖြစ် ကမ်းလှမ်းကြလိမ့်မည်)။

56:22

وَحُورٌ عِينٌ

ထို့ပြင် (သူတို့ကိုသာလျှင် မျက်ခြည်မပြတ် စောင့်ကြည့်ရန် ခန့်ထားသော ဖြူစင်ရိုသားသည့်) မျက်လုံး လှဖြင့် အိန္ဒြေရှိရှိ တည်ကြည်စွာ စောင့်ထိန်းစိုက်ကြည့်သူများလည်း ရှိကြ၏။

56:23

كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ

(ထို မျက်လုံးလှပိုင်ရှင်တို့သည် ခရုခွံအောက်တွင်) လုံခြုံစွာဖုံးကွယ်နေသည့် ပုလဲရတနာပမာ ဖြစ်၏။

56:24

جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ

(ဤသည်) သူတို့ပြုမူကျင့်ကြံခဲ့သမျှနှင့်အညီ (အကျိုးဆက်အဖြစ် ချီးမြှင့်တော်မူခြင်းခံရမည့်) အစားပေးတော်မူခြင်းပင် ဖြစ်၏။

56:25

لَا يَسۡمَعُونَ فِيهَا لَغۡوًا وَلَا تَأۡثِيمًا

သူတို့သည် ယင်း (သုခဥယျာဉ်များ) ၌ မည်သည့် အကျိုးမဲ့၊ အချည်းနှီးသော အပြောအဆိုကိုမျှ ကြားရ မည်မဟုတ်သည့်အပြင် ပြစ်တင်ရှုတ်ချဖွယ်ရာ မည်သည့် စကားအသုံးအနှုံးမျှလည်း ရှိမည် မဟုတ်ပေ။

56:26

إِلَّا قِيلًا سَلَٰمًا سَلَٰمًا

(ယင်းသုခဥယျာဉ်များ၏မည်သည့်နေရာသို့ပင် ရောက်သည်ဖြစ်စေ) “စလာမ်၊ စလာမ်၊” ငြိမ်းချမ်းပါစေ၊” “ငြိမ်းချမ်းပါစေ” ဟု ပြောဆိုနှုတ်ဆက်ခံရခြင်းမှအပ (အခြား မနှစ်မြို့ဖွယ်ရာအပြော အဆိုမျိုးကို ကြားရလိမ့်မည် မဟုတ်ပေ)။

56:27

وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ

ထို့ပြင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား၊ အဘယ်မျှ ကောင်းမြတ်၍ ဝမ်းမြောက် ပျော်ရွှင်လျက် ပေါက်မြောက်အောင်မြင်သောလက်ယာဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

56:28

فِي سِدۡرٍ مَّخۡضُودٍ

(သုခဥယျာဉ်၌ ရရှိမည့် အကျိုးဆုလဒ်အသီးအပွင့်များသည် အခက်အခဲကင်းမဲ့၍ လုပ်အားစိုက်စရာ လည်း မလိုပေ) အဆူးကင်းရှင်းပြီး အသီးအပွင့်များ ပြွတ်သိပ်နေသော (အပင်များအနက်မှ ချယ်ရီပင် သို့မဟုတ်) ဆီးပင် (နှင့်တူ၏)။

56:29

وَطَلۡحٍ مَّنضُودٍ

ထို့ပြင် အဖီးများ၊ အထပ်လိုက်တန်းစီ၍ မြင့်မားသောအခိုင်ရှိသည့် ငှက်ပျောပင်နှင့်လည်းကောင်း။

56:30

وَظِلٍّ مَّمۡدُودٍ

ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ်အာဝါသ (ပေးသည့်အပင်) နှင့်လည်းကောင်း။

56:31

وَمَآءٍ مَّسۡكُوبٍ

တစ်ဖန် အစဉ်အမြဲ အဆက်မပြတ် ပန်းထွက်လျက် စီးဆင်းနေသောရေရှိရာနေရာ (၌ ဖြစ်ထွန်းသော အပင်) နှင့်လည်းကောင်း။

56:32

وَفَٰكِهَةٍ كَثِيرَةٍ

ထို့ပြင် (အချို၊ အချဉ်၊ အမျိုးအစားမျိုးစုံရှိပြီး) အလျှံပယ် မြောက်မြားစွာ လှိုင်လှိုင်သီးနေသော သစ်သီး ဝလံများ (ရရှိခံစားနိုင်သည့်အပင်များ) နှင့်လည်းကောင်း။

56:33

لَّا مَقۡطُوعَةٍ وَلَا مَمۡنُوعَةٍ

(ထိုအပင်များသည် မည်သည့်အခါမျှ ပျက်သုဉ်းခြင်း) ခုတ်ဖြတ်ခြင်းခံရမည်မဟုတ်သည့်အပြင် ပိတ်ပင်တားမြစ်ခြင်းခံရမည်လည်း မဟုတ်ချေ။

56:34

وَفُرُشٍ مَّرۡفُوعَةٍ

ထို့ပြင် (ယင်းသုခဥယျာဉ်၌ အညောင်းအညာပြေစေသည့် မြင့်စွင့်သော သလွန်မျာ၊း အခင်းအကျင်းများနှင့်မွေ့ရာများအပြင်) ဂုဏ်ကျက်သရေမြင့်မြတ်သော ဘဝဖော်များလည်း ရှိကြမည်။

56:35

إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءً

ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ယင်း (ဘဝဖော်) တို့အား ဖွဲ့စည်းဖြစ်တည်စေမှုအသစ်အဖြစ် အထူး ဖွဲ့စည်းဖြစ်တည်စေတော်မူမည်။

56:36

فَجَعَلۡنَٰهُنَّ أَبۡكَارًا

ထို့ပြင် ငါအရှင်မြတ်သည် သူမတို့အား အပျိုစင်ကညာများအဖြစ် ဖြစ်စေတော်မူမည်။

56:37

عُرُبًا أَتۡرَابًا

(သူမတို့သည်) ချစ်ခင်မေတ္တာဖြင့်ပြည့်စုံ၍ သစ္စာရှိကြသော သက်တူရွယ်တူများနှင့်လိုက်ဖက်သော (သူများဖြစ်ကြ၏)။

56:38

لِّأَصۡحَٰبِ ٱلۡيَمِينِ

(သူမတို့သည် သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များအတွက်ပင် (ဖြစ်ကြ၏)။

56:39

ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ

(ပထမဦးဆုံးနှင့်အစောပိုင်းကာလ၌ တမန်တော်မြတ်ထံလာရောက်၍ အစ္စလာမ်လက်ခံခဲ့သော) အဦးဆုံးပုဂ္ဂိုလ်တို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက် လည်းကောင်း)။

56:40

وَثُلَّةٌ مِّنَ ٱلۡأٓخِرِينَ

ထို့ပြင် နောင်လာနောင်သားတို့ (နောင်မျိုးဆက်များ) အနက်မှလည်း အနည်းငယ် ရှိကြပေမည် နောင်လာ နောက်သားတို့အနက်မှ အစုလိုက်အပြုံလိုက်များပြားသော အုပ်စုကြီး (အတွက်လည်းကောင်း)။

56:41

وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ

သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ဝဲဘက်၌ ရရှိထားလျက် စိတ်ပျက်စရာကောင်းလောက်အောင် အသုံးမကျသော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ဝဲဘက်၏ အဖော်များသည်ကား၊ အဘယ်မျှ စိတ်ဆင်းရဲဖွယ်ရာ အသုံးမကျသောလက်ဝဲဘက်၏အဖော်များ ဖြစ်ကြပေမည်နည်း။

56:42

فِي سَمُومٍ وَحَمِيمٍ

(ထိုလက်ဝဲဘက်၏အဖော်တို့သည်) ချစ်ချစ်တောက်ပူသောလေနှင့်ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌ လည်းကောင်း။

56:43

وَظِلٍّ مِّن يَحۡمُومٍ

လွန်စွာ မည်းနက်သော အခိုးအငွေ့၏အရိပ်၌ လည်းကောင်း၊ (ရှိကြပေမည်)။

56:44

لَّا بَارِدٍ وَلَا كَرِيمٍ

(ယင်းအရိပ်သည်) အေးမြမည် မဟုတ်သည့်အပြင် လန်းဆန်းနှစ်လိုဖွယ်ကောင်းမည်လည်း မဟုတ်ပေ။

56:45

إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ

ဧကန်စင်စစ်၊ သူတို့သည် ထိုမတိုင်မီ (လောကီဘဝတွင် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ) စည်းစိမ်ဥစ္စာကြွယ်ဝမှု၌ အလွန်အကျူး ပျော်ရွှင်မြူးထူး (လျက် နာမ်ရေးရာကို လက်လွတ်စေ) သူများ ဖြစ်ခဲ့ကြ၏။

56:46

وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ

ထို့ပြင် (အရှင်မြတ်ကို စွန့်လွှတ်၍ အခြားအရာများကို ကိုးကွယ်ခြင်း၊ ကျမ်းတော်နှင့်တမလွန်ဘဝကို မယုံကြည်ခြင်း၊ စသော) အလွန် ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ခေါင်းမာမာဖြင့် တစ်ဇွတ်ထိုး ကျူးလွန် လျက်ရှိခဲ့ကြ၏။

56:47

وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ

တစ်ဖန် သူတို့က “ကျွန်ုပ်တို့သည် ကွယ်လွန်သေဆုံး၍ မြေမှုန့်နှင့်အရိုးများ ဖြစ်သွားကြသောအခါ ကျွန်ုပ် တို့သည် (ပြန်လည်၍) ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။” ဟု မေးမြန်းပြောဆိုလျက်ရှိခဲ့ ကြ၏။

56:48

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ

ထို့ပြင် ရှေးခေတ်၌ကွယ်လွန်ခဲ့ကြသော ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည်လည်း (ရှင်ပြန်ထကြဦးမည်လော)။

56:49

قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်မလွဲ၊ အစောဆုံးကာလ ရှေ့ခေတ်၌ကွယ်လွန် သေဆုံးခဲ့ကြသူတို့နှင့်နောက်ပိုင်းကာလများ၌ ကွယ်လွန်သေဆုံးသူအားလုံးသည်ပင် (ရှင်ပြန်ထလိမ့်မည်) ဟု ပြောလော့။

56:50

لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٍ مَّعۡلُومٍ

ချိန်းဆိုချက်အဖြစ် (ကြိုတင်) သတ်မှတ်ပြီးဖြစ်ကြောင်း လူသိများသောနေ့တွင် အားလုံး အတူတကွ အမှန်ပင် စုရုံးစေတော်မူခြင်းခံကြရပေမည်။

56:51

ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ

ထို့နောက် အို၊ (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့၊ ဧကန်ပင်၊ သင်တို့သည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့သူများပင် (ဖြစ်ကြ၏)။

56:52

لَأٓكِلُونَ مِن شَجَرٍ مِّن زَقُّومٍ

(“လောကီဘဝ၌ ခေတ္တခဏ ပျော်ရွှင်မြူးထူး၍ တမလွန်တွင် ငရဲမီးကို ထာဝရခံစားရမည့် ပြစ်ဒဏ်ကို” ကိုယ်စားပြုသော စားချိန်တွင် အရသာအနည်းငယ်ရသော်လည်း အဆိပ်သင့်ပြီး အသက်အန္တရာယ်ပေးနိုင်သည့်) ဇက္ကူမ်ပင်ကို စားကြရမည်ဖြစ်၏။

56:53

فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ

သို့ဖြစ်ပေရာ သင်တို့၏ဝမ်းဗိုက်များအား ယင်း (ဇက္ကူမ်ပင်မှ စားသုံးခြင်း) ဖြင့် ဖြည့်တင်းစေရလိမ့်မည် ဖြစ်၏။

56:54

فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ

ထို (သို့ ဗိုက်ထဲသို့ ဇက္ကူမ်ထည့်ပြီး) နောက် ယင်း (စားထားသောဇက္ကူမ်) အပေါ် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူးကို ထည့်သောက်ကြရမည်ဖြစ်၏။

56:55

فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ

သို့ဖြစ်ပေရာ (သင်တို့သည် ထိုရေနွေးပူကို) လွန်စွာရေငတ်မွတ်၍ ဒေါသထွက်နေသော ကုလားအုတ်များကဲ့သို့ပင် သောက်ကြပေမည်။

56:56

هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ

ဤသည်ကား (လူတိုင်းအား သူတို့၏လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့) ထို (တမလွန် တရားစီရင်မည့်) နေ့တွင် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းပင် ဖြစ်၏။

56:57

نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ

ငါအရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် (ငါအရှင်မြတ်က ချမှတ်ပေးအပ်တော်မူသောသတင်းစကားများကို) အမှန်တရားအဖြစ် ဟုတ်မှန်ကြောင်း လက်ခံအတည်ပြုလျက် ဝန်မခံကြလေသနည်း။

56:58

أَفَرَءَيۡتُم مَّا تُمۡنُونَ

သင်တို့သည် ထုတ်လွှတ်ခြင်းခံရသောအရာ (သုက်ရည်) ကို မတွေးတော မဆင်ခြင် မသုံးသပ် ကြလေသလော။

56:59

ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ

ယင်း (သုက်ရည်) ကို သင်တို့ကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် (ထိုသို့ ဖြစ်တည်စေရန် အရှင့်စည်းမျဉ်းနိယာမတော်များကို သင်တို့ခန္ဓာကိုယ်ထဲတွင် ထည့်ပေးထားတော်မူ၍) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်သလော။

56:60

نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ

ငါအရှင်မြတ်သည်ပင်လျှင် သင်တို့ကြား၌ မရဏသေဆုံးခြင်းကို (အရှင့်နိယာမတော်နှင့်အညီ မဖြစ်မနေ ကြုံရမည့်အရာအဖြစ်) သတ်မှတ်ပြဌာန်းတော်မူပြီး ငါအရှင်မြတ်သည် (ထိုနိယာမတော်ဆိုင်ရာ စည်းဘောင်ကို ကျော်လွန်၍) ဟန့်တားနှောက်ယှက်ခြင်းကို ခွင့်ပြုတော်မူမည်မဟုတ်ပေ။

56:61

عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့ကဲ့သို့သော (အခြားမျိုးဆက်သစ်ကို) သင်တို့၏နေရာတွင် အစားတိုး ပြောင်းလဲစေတော်မူနိုင်ပြီး သင်တို့ကိုလည်း သင်တို့ပင် မသိကြသေးသော အခြေအနေသစ်၊ ပုံစံသစ်၊ (နှင့်ဟန်ပန်အမူအရာသစ်) ၌ ဖြစ်ပေါ်စေတော်မူနိုင်၏။

56:62

وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ

ထို့ပြင် ဧကန်စင်စစ်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ပေါ်ထွန်းစေတော်မူ၍ (ဤလောကီ ကမ္ဘာ၌) တည်ရှိနေကြောင်းကို အသေအချာပင် သိနေကြပါလျက် (ဒုတိယအကြိမ်လည်း ဖြစ်တည်စေတော်မူနိုင်ကြောင်းကိုမူ) အဘယ်ကြောင့် (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်) အလေးအနက်၊ မတွေးခေါ် မဆင်ခြင် ကြသနည်း။

56:63

أَفَرَءَيۡتُم مَّا تَحۡرُثُونَ

သင်တို့သည် (မြေကြီး၌) သင်တို့ပျိုးကြဲကြသည့်အရာများ (မျိုးစေ့၊ အစေ့များ) ကို (မည်သည့်အခါမျှ) မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့ဖူးသလော။

56:64

ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّٰرِعُونَ

ယင်း (ပျိုးကြဲသည့် မျိုးစေ့များ) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီးထွားစေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် (အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင်မြတ် ဖြစ်တော်မူသလော။)

56:65

لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمًا فَظَلۡتُمۡ تَفَكَّهُونَ

အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (စိုက်ပျိုးခင်းများ) ကို စဉ်းထားသော ကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူနိုင်သည်ဖြစ်ရာ သင်တို့သည် အံ့အားသင့် မဆုံးဖြစ် (လျက် တွေဝေငေးမှိုင်) နေကြပေမည်။

56:66

إِنَّا لَمُغۡرَمُونَ

“ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (ရင်းနှီးထားသောငွေကြေး အချိန်နှင့်ကြိုးပမ်းအားထုတ်မှုများ အားလုံး အချည်းနှီ၊း ဆုံးရှုံးလျက်) အကြွေးထဲနစ်နေကြပြီ။” (ဟု ပြောဆိုကြလိမ့်မည်။)

56:67

بَلۡ نَحۡنُ مَحۡرُومُونَ

အမှန်မှာ (ထိုသို့မပြောဆိုဘဲ) “ကျွန်ုပ်တို့သည် (အသက်မွေးမှုဆိုင်ရာ အကျိုးခံစားခွင့်များမှ) လုံးလုံးလျားလျား လက်မဲ့ဖြစ်စေ၍ ချို့တဲ့စေတော်မူရန် ပစ်ထားခြင်းခံကြရလေပြီ။ (ဟုသာ ပြောဆိုကြရမည်)။

56:68

أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ

သင်တို့သည် သင်တို့သောက်သုံးနေကြသော ရေအကြောင်းကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ် ၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။

56:69

ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ

ထိုရေကို သင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် (အရှင့် စည်းမျဉ်းတော်များနှင့်နိယာမတော်များနှင့်အညီ) ရွာသွန်းစေတော်မူသောအရှင်မြတ် ဖြစ်သလော။

56:70

لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجًا فَلَوۡلَا تَشۡكُرُونَ

အကယ်၍ ငါအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ယင်း (မိုးရေ) ရေငန်၊ ရေခါးအဖြစ် စီမံဖြစ်စေတော်မူနိုင်၏။ သို့ပါလျက် သင်တို့သည် မည်သည့်အတွက်ကြောင့် ကျေးဇူးမသိတတ်ကြသနည်း။

56:71

أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ

သင်တို့သည် သင်တို့မွှေးကြ (စွဲစေကြ) သော မီးကို မည်သည့်အခါမျှ အလေးအနက် မတွေးခေါ်၊ မဆင်ခြင်၊ မသုံးသပ် ကြလေသလော။

56:72

ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ

ယင်း (မီးမွှေးရာတွင် လိုအပ်သော အောက်စီဂျင်ရရှိရန် သစ်ပင်) ကို သင်တို့ကိုယ်တိုင် ဖြစ်ထွန်းကြီး ထွားစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ယင်းကို ဖြစ်ထွန်းကြီးထွားစေတော်မူသောအရှင် ဖြစ်တော်မူသလော။

56:73

نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةً وَمَتَٰعًا لِّلۡمُقۡوِينَ

ငါအရှင်မြတ်သည်ပင် ယင်း (သစ်ပင်) ကို (အရှင်မြတ်၏သာယာကြည်နူးဖွယ်ကောင်းသောလက်ရာတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလိုကြသောသူတို့အတွက်) တရားရစေသောအရာအဖြစ်လည်းကောင်း၊ ခြေကျင်ခရီးသည်တို့အတွက် လောကီအကျိုးကျေးဇူးရှိစေသောအရာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေ တော်မူ၏။

56:74

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

56:75

فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (ကျမ်းတော်မြတ် လိုအပ်ချက်နှင့်ဖြည်းဖြည်းချင်း ချမှတ်ပေးအပ်တော်မူကြောင်းနှင့်စပ်လျဉ်း၍) ကြယ်နက္ခတ်တာရာတို့၏တည်နေရာစခန်းများကို တိုင်တည်၍ သက်သေထူ တော်မူ၏။

56:76

وَإِنَّهُۥ لَقَسَمٌ لَّوۡ تَعۡلَمُونَ عَظِيمٌ

အကယ်၍ သင်တို့သိရှိကြလျှင် ဧကန်ပင်၊ ယင်း (တိုင်တည်တော်မူခြင်း) သည် ကြီးကျယ်စွာသော တိုင်တည်ချက်ပင် ဖြစ်၏။

56:77

إِنَّهُۥ لَقُرۡءَانٌ كَرِيمٌ

ဧကန်မလွဲ၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကျမ်းတော်မြတ်ပင် ဖြစ်၏။

56:78

فِي كِتَٰبٍ مَّكۡنُونٍ

ထိန်းသိမ်းစောင့်ရှောက်မူခြင်းခံရသောအရာ (အရှင့်အမိန့်တော်များ) သည် (မပြောင်းလဲနိုင်အောင် အခိုင် အမာ ဖွဲ့နွဲ့ထားတော်မူသည့်) ကျမ်းတော်၌ ရှိ၏။

56:79

لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ

(ယင်းကျမ်းတော် ထိရောက်သည့်ဖွင့်ဆိုချက်နှင့်အသိပညာ ရရှိနိုင်ရန် စိတ်ရင်းစေတနာဖြူစင်လျက် ရုပ်နှင့်နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းကြသောသူတို့မှအပ (အခြားမည်သူမျှ) ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) ကို (ထိရောက်စွာ) ထိတွေ့နိုင်ကြသည် မဟုတ်ပေ။

56:80

تَنزِيلٌ مِّن رَّبِّ ٱلۡعَٰلَمِينَ

(ယင်းကျမ်းတော်သည်) စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတိုးတက် စေတော်မူသောအရှင်မြတ်ထံတော်မှ ချမှတ်ပေးတော်မူခြင်းခံရသောကျမ်းတော်ပင် ဖြစ်၏။

56:81

أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ

သို့ပါလျက် သင်တို့သည် ဤအမိန့်ထုတ်ပြန်ချက်တော်ကိုပင် (အထင်မကြီး ဂရုမစိုက်ဘဲ) မထီမဲ့မြင်ပြု လိုကြလေသလော။

56:82

وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ

ထို့ပြင် သင်တို့သည် (ယင်းကျမ်းတော်ရှိ အမှန်တရားများအား) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျက် သင်တို့၏ရိက္ခာအထောက်အပံ့ကို စီမံဖြစ်စေလိုကြလေသလော။

56:83

فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ

သို့ဖြစ်လျှင် (ကွယ်လွန်ချိန် အသက်ဇီဝိန်သည်) လည်မျိုသို့ရောက်ရှိလာသောအခါ သင်တို့သည် အဘယ်ကြောင့် (ကွယ်လွန်ရမည်ကိုပါ ဆက်လက်ငြင်းပယ်၍) နာလန်မထူကြသနည်း။

56:84

وَأَنتُمۡ حِينَئِذٍ تَنظُرُونَ

စင်စစ် သင်တို့သည် ထိုအချိန်အခါဝယ် (လှုပ်ရှားမှုကင်းလျက် လက်ပိုက်၍) ကြည့်နေကြ၏။

56:85

وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ

ထိုစဉ် ငါအရှင်မြတ်သည် သင်တို့ထက်ပင် ပိုမို၍ ထို (ကွယ်လွန်ချိန်ရောက်) သူနှင့်နီးကပ်လျက် ရှိနေတော်မူသော်လည်း သင်တို့သည်ကား မြင်နိုင်စွမ်း မရှိကြပေ။

56:86

فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ

သို့ဖြစ်ပေရာ သင်တို့သည် အဘယ်ကြောင့် (နောင်တမလွန်ဘဝ၌ စာရင်းရှင်းခံရ၍ ပေးဆပ်ခြင်းမှ) ကင်း လွတ်ခွင့်ရသူများ မဟုတ်ကြသနည်း။

56:87

تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ

အကယ်၍ သင်တို့သည် (တမလွန်ဘဝမရှိဟု ကြွေးကြော်နေခြင်း၌) ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် ယင်း (အသက်ဇီဝိန်) ကို (အဘယ်ကြောင့်) ပြန်လည် အသက်မသွင်း ကြသနည်း။

56:88

فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ

သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်ချိန်ရောက်နေသော) သူသည် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်လျက် အရှင်မြတ်နှင့်) နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သော်။

56:89

فَرَوۡحٌ وَرَيۡحَانٌ وَجَنَّتُ نَعِيمٍ

ထိုစဉ် (ထိုသူသည် လောကီဘဝ၏အခက်အခဲနှင့်နာကျင်မှုဝေဒနာအလုံးစုံမှ သက်သာရာရပြီး ထာဝရ ဘဝ၌) သူ့အတွက် ချမ်းမြေ့ပျော်ရွှင်ဖယ်ရာများသည်လည်းကောင်း၊ အားရကျေနပ်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်အတွင်းအဇ္ဈိတ္တပြီးပြည့်စုံမှုတို့သည်လည်းကောင်း၊ အရှင့်ကျေးဇူးတော်များဖြင့် ဂုဏ်ပြုခံရမည့် သုခဥယျာဉ် သည်လည်းကောင်း၊ ရှိချေမည်။

56:90

وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

(ထို့ပြင် အကယ်၍ ထိုသူသည် သူ့စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ခဲ့လျှင်။

56:91

فَسَلَٰمٌ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ

သို့ဖြစ်လျှင် (သူသည်) လက်ယာဘက်၏အဖော်တို့တွင် အပါအဝင်ဖြစ်ကြသူတို့ထံမှ သူ့အတွက် “ငြိမ်းချမ်းပါစေ”(ဟု ကြိုဆိုနှုတ်ဆက်စကား ရှိပေမည်။)

56:92

وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ

သို့ရာတွင် အကယ်၍ ထိုသူသည် (တမလွန်ဘဝနှင့်စပ်လျဉ်း၍) မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲလျက် ငြင်းပယ်ခဲ့သူတို့နှင့် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်ခဲ့သူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်။

56:93

فَنُزُلٌ مِّنۡ حَمِيمٍ

သို့ဖြစ်လျှင် (ထိုသူအား) ပွက်ပွက်ဆူနေသော ရေနွေးပူဖြင့် ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကျွေးမွေးခြင်းသည်လည်းကောင်း။

56:94

وَتَصۡلِيَةُ جَحِيمٍ

ချစ်ချစ်တောက်ပူလောင်လျက်ရှိသော မီးထဲ၌ (လောင်ကျွမ်းစေရန်) ဝင်ရောက်စေခြင်းသည်လည်းကောင်း၊ ရှိပေမည်။

56:95

إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ

ဧကန်မလွဲ၊ ဤသည် တပ်အပ်သေချာ၍ ထင်ရှားသော အမှန်တရားပင် ဖြစ်၏။

56:96

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော၊ ကြီးကျယ်မြင့်မြတ်လှတော်မူသော အရှင်မြတ်၏နာမတော်၊ ဂုဏ်တော်များအားဖြင့် (ထိုအရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

Translation: Alin U Yin.